
ကျွန်ုပ်တို့သည် သူစိမ်းများသာ
နိုင်ငံအသစ်တွင် ဘာသာစကားအသစ်၊ ကျောင်း၊ ဓလေ့ထုံးစံ၊ ယာဉ်ကြောပိတ်ဆို့မှုနှင့် ရာသီဥတု အားလုံးသည် ပြောင်းရွှေ့လာသူတို့အတွက် သိသိသာသာ ကွဲပြားပါသည်။ သူတို့ မည်ကဲ့သို့ ကျင့်သားရအောင် ညှိယူရမည်နည်း။ အနီးနားရှိ အသင်းတော်မှလူများက နယ်မြေသစ်တွင် သူတို့ဘဝအသစ်စတင်ရာ၌ ကူညီပေးခဲ့ကြသည်။ ပက်တီသည် ဇနီးမောင်နှံနှစ်ဦးကို ဒေသထွက် အစားအစာများရောင်းချသောဈေးသို့ ဈေးဝယ်ထွက်ရန် ခေါ်သွားပြီး ရနိုင်သည့်အရာများနှင့် ပစ္စည်းများ မည်သို့ဝယ်ယူရမည်ကို ပြသခဲ့သည်။ စျေးကိုလှည့်ပတ်ကြည့်ရင်း သူတို့နှစ်သက်သည့် မွေးရပ်မြေမှအသီးအနှံ သလဲသီးများကို မြင်သောအခါ မျက်လုံးများ ပြူးကျယ်လာပြီး အားပါးတရ ပြုံးလိုက်ကြသည်။ သူတို့ကလေးများအတွက် တစ်လုံးစီဝယ်ခဲ့ပြီး ကျေးဇူးတင်သည့်အနေနှင့် ပက်တီ၏လက်ထဲသို့ တစ်လုံးထည့်ပေးသည်။ သစ်သီးလေးနှင့် မိတ်ဆွေအသစ်များသည် သူတို့နှင့်တစ်စိမ်းဆန်လှသော နယ်မြေသစ်၌ ကြီးမားသော နှစ်သိမ့်မှုကို ဖြစ်စေပါသည်။
ဘုရားသခင်သည် မောရှေအားဖြင့် သူ၏လူမျိုးတော်တို့အား ပေးသည့် ပညတ်တော်များတွင် ဧည့်သည်အာဂန္တုများကို “ကိုယ်အမျိုးသားချင်းကဲ့သို့ မှတ်ရမည်” ဟူသည့် ပညတ်တော်ပါ၀င်ခဲ့သည်…
ပုံမှန်တည့်မတ်မှန်ကန်သောနိုင်ငံတော်
ဖေဖော်ဝါရီလခေါင်းစဥ် | တောင်ပေါ်ဒေသနာ
တောင်ပေါ်ဒေသနာတွင် သခင်ယေရှုက သူ၏နိုင်ငံတော်၌ ရှင်သန်ရမည့် အသက်တာနှင့်စပ်လျဉ်း၍ အခြေခံအတွေးအမြင်ကို ဖော်ပြထားသည်။ ၎င်းသည် လောက၌ရှင်သန်သည့်အသက်တာနှင့် ဆန့်ကျင်ဘက်ဖြစ်ခြင်းကြောင့် ဓမ္မပညာရှင်များက သခင်၏သွန်သင်ချက်ကို အကြွင်းမဲ့ပြောင်းလဲသော နိုင်ငံတော်အတွက် မှောက်လှန်သူ ဘုရင်မင်း၏တင်ပြချက်ဟု ရည်ညွှန်းဖော်ပြကြသည်။
သို့သော် ကျွန်ုပ်တို့ကမ္ဘာမြေက…

ကျွန်ုပ်တို့၏ကြီးမြတ်သောဆရာကဲ့သို့ပင်
ရေပန်းစားနေသော ဗီဒီယိုတစ်ခုတွင်၊ အသက် (၃) နှစ်အရွယ် အဖြူရောင်ခါးပတ် ကရာတေးသင်တန်းသူတစ်ဦးသည် သူမ၏နည်းပြဆရာအတိုင်း တုပလုပ်ဆောင်ခဲ့သည်။ စိတ်အားထက်သန်မှု ခံယူချက်တို့ဖြင့် ကလေးမလေးက ခေါင်းဆောင်နှင့်အတူ သင်တန်းသားအဓိဋ္ဌာန်ကို ဆိုသည်။ ထို့နောက်တွင်၊ ကိုယ်နေဟန်ထားအပြည့် အာရုံစူးစိုက်မှုနှင့်အတူ၊ ချစ်စရာကောင်းပြီး အကြည်ဓာတ်ပေးနေသော သတ္တိရှိသော ထိုကလေးမလေးက သူမ၏ဆရာပြောသမျှအတိုင်း လိုက်လုပ်ခဲ့သည်။ အနည်းဆုံးတော့ သူမသည် ကောင်းကောင်းလိုက်လုပ်နိုင်ခဲ့သည်။
တစ်ချိန်က သခင်ယေရှုသည် “တပည့်သည် ဆရာထက်မသာ။ အပြီးသင်ပြီးသောတပည့်တိုင်း မိမိဆရာကဲ့သို့ ဖြစ်လိမ့်မည်” ဟု ဆိုခဲ့သည် (လု ၆:၄၀)။ သခင်ယေရှုကို အတုယူရာတွင် တပည့်တော်တို့အား သခင့်နည်းတူ စေတနာစိတ်ရှိရန်၊ ချစ်မေတ္တာရှိရန်၊ စီရင်ဆုံးဖြတ်မှုမပြုရန် (:၃၇-၃၈)၊ သူတို့မည်သူ့နောက်လိုက်သည်ကို ပိုင်းခြားသိမြင်ရန် “လူကန်းသည် လူကန်းအား လမ်းကို ပြနိုင်သလော။ နှစ်ဦးတို့သည် တွင်းထဲသို့ကျလိမ့်မည် မဟုတ်လော” (:၃၉)ဟု မိန့်ကြားခဲ့သည်။ လူတို့ကို ဘေးဥပဒ်သို့ပို့ဆောင်နေသည့် လူကန်းတို့အား…
မျက်ရည်ထဲမှကောင်းချီးမင်္ဂလာ
(၆၃နှစ်သာရှိသေးသော) သူ့ဖခင်သည် ဆေးရုံတွင် စိုးရိမ်ရသောအခြေအနေ၌ရှိနေပြီး အသက်လုနေရသည့်အကြောင်း သားဖြစ်သူ၊ အင်္ဂလန်မှ လူငယ်တစ်ဉီးထံမှ ကျွန်တော် အီးမေးလ် ရရှိခဲ့ပါသည်။ တစ်ခါမှမတွေ့ဖူးသော်လည်း သူ့ဖခင်အလုပ်နှင့် ကျွန်တော့်အလုပ်တွင် တူညီသည့် ဆုံမှတ်များစွာရှိခဲ့သည်။ ဖခင်ဖြစ်သူကို အားပေးရန် ကြိုးစားနေသည့်သားက ကျွန်တော့်ကို ခွန်အားပေးစကားနှင့် ဆုတောင်းပေးသော ဗီဒီယိုမက်ဆေ့ချ်ပေးပို့ရန် တောင်းဆိုခဲ့သည်။ စိတ်နှလုံးတို့ထိခြင်းခံရပြီး စကားတိုလေးနှင့် အနာရောဂါငြိမ်းခြင်း ဆုတောင်းချက်ကို ရိုက်ကူးကာ ကျွန်တော်ပို့လိုက်သည်။ သူ့ဖခင်သည် ဤဗီဒီယိုကိုကြည့်ပြီး သဘောကျနှစ်ခြိုက်စွာနှင့် လက်မထောင်ပြခဲ့သည်ဟု ပြောပါသည်။ ဝမ်းနည်းစရာမှာ၊ ရက်အနည်းငယ်ကြာပြီးနောက်တွင် သူကွယ်လွန်သွားကြောင်း အီးမေးလ်ထပ်မံရရှိခဲ့သည်။ သူ၏နောက်ဆုံးအချိန်တွင် ဇနီးသည်၏လက်ကို သူဆုပ်ကိုင်ထားပါသည်။
ဤကဲ့သို့ ချစ်ရသူများကို ဆုံးရှုံးရသောကြောင့် ကြေကွဲရခြင်းများအတွက် ကျွန်တော်အင်မတန်မှ စိတ်မကောင်းဖြစ်ခဲ့ရသည်။ ထိုမိသားစုသည် ခင်ပွန်းသည် နှင့်ဖခင်ကို ဆုံးရှုံးလိုက်ရသည်မှာ စောလွန်းလှသည်။ သို့သော် ဝမ်းနည်းပူဆွေးသူတို့သည် မင်္ဂလာရှိကြောင်း “စိတ်မသာညည်းတွားသောသူတို့သည် မင်္ဂလာရှိကြ၏” ဟုသခင်ယေရှု၏မိန့်ဆိုချက်က (မ…
